Posts

Showing posts from April, 2019

ဝိဇ္ဇာနီပွဲဦးထွက် အတွေ့အကြုံ

Image
မြူတွေ၊ မြူတွေ ထူထပ်စွာ ရစ်သိုင်းနေသည်။ သူရောက်နေသော ပတ်ဝန်းကျင်ကို အကဲခတ်ရန် ဗေဒါရီ ကြိုးစားသော်လည်း မြူတွေကြောင့် သဲသဲကွဲကွဲ မမြင်ရ။ မီးတိုင်တွေ ထိန်နေအောင် ထွန်းထားသော ဒီတဲကြီးထဲတွင် ဘာဖြစ်လို့ မြူတွေ ရစ်သိုင်းနေရတာလဲ သူစဉ်းစားမရ။ လူသံလိုလိုကြားရသဖြင့် ဗေဒါရီ ရှေ့သို့အသာတိုးကြည့်သည်။ သလွန်လိုလို ညောင်စောင်းလိုလိုပေါ်တွင် တကိုယ်လုံး ချွေးစက်ချွေးပေါက်များဖြင့် စိုရွှဲနေသည့် ခန္ဒာကိုယ်နှစ်ခု သို့မဟုတ် ဝတ်လစ်စလစ်ဖြင့် ချစ်တင်းနှောနေကြသည့် လုလင်ပျိုနှင့် သူမနှင့် သက်တူရွယ်တူ လုံမပျို။ အသက် ၂၀ ပင် မပြည့်တတ်သေးသည့် မိန်းကလေး၏ မျက်ဝန်းတွင် နာကျင်ခြင်းတွေကို တွေ့သည်။ အို … ရှက်ရှက်နှင့် မျက်နှာလွှဲလိုက်ရသည်။ တဲနန်း၏ အပြင်ဘက်တွင် ဘုရားထီးတင်ပွဲ ကျင်းပနေကြသည်။ ဝတ်ကောင်းစားလှနှင့် ပရိသတ်က စည်ကားလှသည်။ ထီးတင်နေကြသူများကို ဗေဒါရီ အကြည့်ရောက်သွားသည်။ ရှေ့ဆုံးက ပိုးထည် အဝတ်ဖြူကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ခန့်ညားသည့် ပုဂ္ဂိုလ်ကြီးတစ်ဦး၊ သူ့ဘေးတွင် သူနှင့် သက်တူရွယ်တူ အမျိုးသမီးတစ်ဦး … ပိုးထည် အဝတ်ဖြူနှင့်ပဲ။ သူတို့၏ နောက်တွင်တော့ ဝတ်ကောင်းစားလှနှင့် မင်းပျိုမင်းလွင်တစ်ဦးနှင့် နန်းဝတ်နန်းစားနှင့် မ

ပန်းကလေး

Image
  သွားတက်လေးများပေါ်အောင် ရီပြီး သူ့ကို အိုးမည်း သုတ်ရန်ကြံနေသော ခလေးမရဲ့ လက်ကောက်ဝတ် နှစ်ဖက်ကို ကိုင်ကာ သူရ တယောက်ပျော်မြူးနေမိသည်။ သူ လွန်ခဲ့တဲ့ သုံး လေး နှစ်လောက်က စပြီး သံယောဇဉ် ဖြစ်မိသူလေး က ခုဆို ၁၆ ကျော်လို့ ၁၇ ထဲပင် ဝင်တော့မည်ဖြစ်ပြီး ပန်းဖူးလေး တစ်ခု လို ဖူးစွံ့ ဝင့်ကြွား နေသည်။ ခုလည်း သူငယ်ချင်းများဖြင့် ချိန်းဆို ရေပက်ခံအထွက် အိုးမည်းသုတ်ရန်ကြံနေပြန်သည်။ ” ယုလေး ရာ မသုတ်ပါနဲ့ကွာ” “ခစ်ခစ် မရဘူး ကိုကြီး ရာ” သူတို့နှစ်ယောက် ဖြစ်နေသည်ကို မေမေ က ကြည်နူးစွာ ကြည့်ပြီး ” လုပ်ပစ် ယုလေး ညည်းကိုကြီး ခြေမရှည်နိုင်အောင်” -” မေမေ နော် ချွေးမလေး ကို မြှောက်ပေးနေတယ်” -” ဟာ ကိုကြီးနော် ကဲဟာာ” သူ့ကို မေမေ့ ချွေးမလေး လို့ပြောတိုင်း စိတ်တိုတတ်သူပီပီ သူ့အကျီ င်္ တွေကို အိုးမည်းတွေအတင်းသုတ် လိုက်သည် ” မှတ်ပီလား “သူအပေါ်ကသားရေဂျာကင်ထပ်စွပ်လိုက်ပြီး ” အေး မိယု နင်ငါနဲ့တွေ့မယ်သိလား သွားပါပြီကွာ” သူပြောပြောဆိုဆို သူမ ပါးနှစ်ဖက်ကို ညှစ်ပစ်ခဲ့သည် မေမေကတော့ ရီနေသည် မိယု နှင့်သူက ခြေရင်း ခေါင်းရင်းနေကြတာ လူကြီးချင်လည်းရင်းနှီးသည် သူကဘွဲ့ရပီး အလုပ်လည်း လုပ်နေပြီမို့ မိယု မိဘများကလည်း သူ့ကိုချစ်သည် ထို့ကြောင်