ရှင့်စိတ်တိုင်းကျ
ကိုသိန်းဦးတစ်ယောက် ရေချိုးပြီးကာစမို့ ဆေးလိပ်တိုကို မီးညှိကာ တစ်ချက်ဖွာလိုက်သည်။ကိုသိန်းဦးမှာ _______ ကွန်ပျူတာသင်တန်းတွင် လုံခြုံရေးဝန်ထမ်းဖြစ်သည်။ တယောက်တည်းသမားမို့ ၂၄နာရီတာဝန်ယူရသော ဤအလုပ်မျိုးကိုကြိုက်သည်။ နေစရာ အိမ်ငှါးရန်မလိုသည်မို့ လစာက စားသောက်စရိတ် တခုသာသုံးရသည်။ ငွေပိုငွေလျှံ ရှိသည်ပေါ့။ အသက် ၄၅နှစ်ခန့်ရှိပြီဖြစ်သော်လည်း မိန်းမမယူ လူပျိုကြီးဖြစ်သည်။ သူ မိန်းမမယူတာက စိတ်မဝင်စား၍မဟုတ်။ ကိုယ်ပိုင်ကားမဝယ်၊ အငှါးကားသာ စီးခြင်းဖြစ်သည်။ ကိုသိန်းဦး ပြောနေကျစကားက ” အငှါးကားစီးတာ ကားမော်ဒယ်လ်အစုံ၊ အမျိုးအစားအစုံ၊ အရောင်စုံ စီးချင်တာရွေးစီးလို့ရတယ်ကွ၊ ကိုယ်ပိုင်ကားဝယ်လိုက်ရင် မရောင်းမချင်း ဒီတစ်စီးပဲ စီးရတော့မှာ…၊ ဝယ်စလေးပဲ စီးကောင်းတာ ၊ အင်ဂျင်ကျသွားရင် တွန်းနှိုးရမှာ၊ အငှါးကပဲ ကောင်းပါတယ် ” ကိုသိန်းဦး ဆေးလိပ်တိုခဲကာ ဆရာမလေး ရှင်းရာ ကို မြင်ယောင်နေသည်။ ဆရာမလေးမှာ ကိုသိန်းဦး အလုပ်လုပ်သော ကွန်ပျူတာသင်တန်းမှ ဆရာမလေးဖြစ်သည်။ အသက်က ၂၂နှစ်၊ အသား ဖြူဖြူ၊ အရပ် ၅ ပေခွဲခန်