နှောင်ကြိုးမဲ့ညများ
ခေတ်စနစ်တွေကအချိန်နှင့်အမျှ ပြောင်းလဲနေကြပြီ။ရေစီးသည်လည်း ပြောင်းလဲသွားကြသည်။ မြန်မာပြည်လူနေမှုစနစ်အကြားမှာ လစ်ဗင်းတူဂဲသား (Living together) ဟူသော အလေ့အထသည်ပင် ခေတ်မမီနိုင်တော့။ Bar တွေ Club တွေရဲ့ယဉ်ကျေးမှုအောက်မှာ One Night Stand (ONS) ဟုခေါ်သော ခုတွေ့ခုချစ် ခုဒိတ်လုပ်တာမျိုးတွေ ဒီတစ်လောမှာ အရမ်းကို ရေပန်းစားလာခဲ့သည်။ ရန်ကုန်မြို့နေ လူလတ်တန်းစား အသိုက်အဝန်းမှာပင် ဒီလို အလေ့စရိုက်များက ကူးစက်လာပြီဟုပင် ဆိုရမည် ဖြစ်သည်။ One Night Stand ဆိုတာက သူရောကိုယ်ပါ ဆန္ဒရှိသူချင်း နှစ်ယောက်ကျေနပ်မည့် တစ်ညဥ့်တာ ဘုံဗ္ဗာန်ကလေးတစ်ခုကို နှစ်ဦးအတူတည်ဆောက်ခြင်းဟုပင် အဓိပ္ပါယ်ဖွင့်ဆိုရပေမည်။ ကုမ္ပဏီမှာ ရုံးမှာ ရက်သတ္တပတ် တစ်ပတ်စာ အလုပ်အပင်ပန်းခံ စိတ်ဖိစီးခဲ့သမျှကို သောကြာနေ့ညလို အချိန်မျိုးမှာ ဆုံနေကျ Bar ဒါမှမဟုတ် Club တစ်ခုခုသို့ (Night Out ) ထွက်၍ သောက်စားပျော်ပါးကြရင်း ပျော်စရာအတိပြီးသည့် TGIF _ (Thanks God it's Friday) ဟုခေါ်သော အပြာရောင်ညကမ္ဘာကလေးကို ကိုယ့်ဖာသာ စိတ်တိုင်းကျ ရွေးချယ် ဖန်တီးကြရသည်။ Living Together က တာဝန်ယူမှုတွေ ပါသည်။ ကရိကထလည်း အလွန်များသည်။ ဆောင်ရန်ရှောင်ရန် တွေလည်း ရှိသေးသည်။ ဆ