ကြားကားဆွဲတဲ့ ကားသမားအသည်း
‘‘ဓါတ်ဆီ နှစ်ဂါလံ . . . အင်ဂျင်ဝိုင် တစ်လုံး’’ ‘‘ကိုဇော်ကြီး မနေ့ကဆီဖိုး ပေးပြီးပြီလား’’ ‘‘ဟာ အိုးစွပ် ခွက်စွပ် မနေ့က မကျန်ပါဘူး’’ ‘‘ဟဲ့ ရီနွယ် . . ဇော်ကြီးကျန်တာ မဟုတ်ဘူး . . . ကိုတင်သန်း’’ ‘‘မသိဘူးလေ အမေတို့ဟာက’’ ‘‘ငါ့ . . . ယောင်ပြီး ပြောလိုက်မိတာ ဇော်ကြီးရေ့’’ ဓါတ်ဆီမှောင်ခို အရောင်းဆိုင်မှ ဒေါ်ဝိုင်းသမီး ရီနွယ်မှာ အတော်တောင့်တင်းသော မိန်းမလှလေးဖြစ်သည်။ သမိုင်းမှာ ဓါတ်ဆီ အရောင်းဆိုင်တွေ ရှိသော်လည်း ကားသမားငယ်ငယ် အထူးသဖြင့် ရီနွယ့် အလှကို အပမ်းဖြေ ကြည့်လိုက်သူတို့က သည်ရောက်မှ ဝယ်ကြထည့်ကြသည်။ ရီနွယ့်အမေကလည်း ဒါကို သဘောပေါက်ထားသည်။ ဓါတ်ဆီဂါလံခွက်ကို မနိုင်မနင်း ယူလာတတ်သော ရီနွယ့်လက်ကလေးကို အုပ်ကိုင်ဖမ်းယူလိုက်ရသည်ကိုပင် သူတို့ဓါတ်ဆီဖိုးလေး တဝက်ကျိုးသွားအောင်ကို တန်သည်ထင်ကြ၏။ ပိုက်ဆံပေးပြီး ရီနွယ့် လက်ကလေးကို ကိုင်ရပြီး ဆီ အလကားရလိုက်သလို သဘောထားကြသည်။ ေ